ပျော်ဘွယ်မြို့မဈေးခေါင်းရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ (၁၁း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါမြို့ရီနှင့်ဝန်ထမ်းများသည် ပျော်ဘွယ်မြို့၊ မြို့မဈေးခေါင်းရုံးတွင်  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

  ဒေါ်မြို့ရီ(ဦးစီးအရာရှိ)က စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများကို စားသုံးသူအခွင့်အရေးများ သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများကို ဆောင်ရွက်ရခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသည့် ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စားသုံးသူပြည်သူများအား မှန်ကန်စွာသိရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ပေးရေးဥပ‌‌ဒေပြဋ္ဌာန်းချက်များကိုလိုက်နာပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောကုန်ပစ္စည်းများကို ထုတ်လုပ်အသုံးပြုနိုင်ရေးနှင့်စားသုံးသူအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက်ရည်ရွယ်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။

    ကုန်စည်များကို ထုတ်လုပ်ရောင်းချရာ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရန် လုပ်ငန်းရှင်များအားကုန်အညွှန်းအမှတ်အသားသည် ၂၀၂၀ခုနှစ်၊ မတ်လ (၁၆)ရက်နေ့မှစတင်၍ အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀၀)ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများပြုလုပ်နိုင်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင်သည် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Mobile Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တို့တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို နံနက် (၁၁း၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)