ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည်များအပြင် မိုးကုတ်မြို့သို့တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆)နာရီမှ နေ့လယ် (၂)နာရီအထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့ ဒေသတွင်းရှိ ကျေးရွာများမှခူးစွတ်၍ရသော တမာဖူးများ စတင်ပေါ်ချိန်ဖြစ်၍ လက်ကားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့် ပေါ်ဦးပေါ်ဖျား၌ ဈေးကောင်းရနေပြီး၊ ထိုတမာဖူးများကို ဈေးအတွင်း လက်လီပျံကျဈေးသည်များကို ဖောက်သည်ပေးသည့်အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်း လှည့်လည်ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အောင်ဇေယျဈေးအတွင်းရှိ သီးနှံလက်ကားဒိုင်များမှသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)