မိတ္ထီလာခရိုင်အတွင်း ဆောင်းကြက်သွန်နီအသစ်များ ရိတ်သိမ်းမှုမရှိသေးသော်လည်း မိုးကြက်သွန်နီများ နယ်ဝေးတင်ပို့မှုနည်းသဖြင့် ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ မိုးကြက်သွန်နီကို ဒီဇင်ဘာ၊ ဇန်နဝါရီလများက စတင်ရိတ်သိမ်းခဲ့ပြီး ဆောင်းကြက်သွန်နီမှာ ဧပြီလတွင် ရိတ်သိမ်းမည်ဖြစ်ပါသည်။ မိတ္ထီလာဈေးကွက်မှာ ရန်ကုန်၊ ပဲခူးသို့အများဆုံးတင်ပို့ရာ ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း ပဲခူးသို့ တစ်ရက်လျှင် (၆)ဘီးကား ကုန်ချိန် (၆၀၀၀)ဆံ့ ကား(၁)စီး တင်ပို့နိုင်သော်လည်း ရန်ကုန်သို့ တစ်ရက်လျှင် (၁၂)ဘီးကား (၁)စီးဖြင့် ကုန်ချိန် (၃၀၀၀)ပိဿာကို အခြားကုန်များနှင့် ရောနှောတင်ပို့ နိုင်ခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် နယ်ဝယ်တင်ပို့မှုနည်းသဖြင့် ယခင်တစ်ပတ်က လက္ကားဈေးကြက်သွန်နီ တစ်ပိဿာလျှင် ၁၅၀၀ ရှိခဲ့ပြီး ယခုတစ်ပတ် လက္ကားဈေးတစ်ပိဿာလျှင် ၁၃၀၀ သို့ ဈေးနှုန်းကျဆင်းလာကြောင်း ဈေးကွက်မှ သိရသည်။
DOCA(မန္တလေး)