လွိုင်ကော်မြို့ပေါ်ရှိ ရေနီကန်ကျေးရွာနှင့် လောဓမ္မရပ်ကွက်တို့တွင် စတော်ဘယ်ရီသီးများကို တနိုင်တပိုင်စိုက်ပျိုးလျက်ရှိသော်လည်း ရှမ်းပြည်နယ်တောင်ကြီးဘက်မှလည်းမှာယူ၍ စတော်ဘယ်ရီသီးများကို ရောင်းချလျက်ရှိပါသည်။
ယခုဖေဖော်ဝါရီလဒုတိယပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော စတော်ဘယ်ရီသီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၉၅၀၀)(၁၀၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး ယခင်ဇန်နဝါရီလ ဒုတိယပတ်တွင် စတော်ဘယ်ရီသီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၃၀၀၀) (၁၄၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ ယခုဖေဖော်ဝါရီလဒုတိယပတ်နှင့် ယခင်ဇန်နဝါရီလ ဒုတိယပတ်နှိုင်းယှဉ်လျှင် စတော်ဘယ်ရီသီး တစ်ပိဿာဈေးနှုန်းမှာ(၃၅၀၀)(၄၀၀၀)ကျပ်ခန့်ကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်းသို့ စတော်ဘယ်ရီသီးများ အများအပြား ဝင်ရောက်လာသောကြောင့်ဖြစ်သည်ဟု သီရိမင်္ဂလာဈေးအတွင်းရှိ စတော်ဘယ်ရီသီးများရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)