“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍စျေးကွက်စောင့်ကြည့်စစ်ဆေး”

Powered by Drupal

     ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် ကုန်အညွှန်းအမှတ်သားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်နိုင်ရန်အတွက် (၈-၂-၂၀၂၃)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ရွာဟောင်းကုန်းကျေးရွာရှိ “Pucci” အမှတ်တံဆိပ်မုန့်စက်ရုံအား ကွင်းဆင်း၍စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။  ရှေးဦးစွာ ခရိုင်ဦးစီးမှူး ဦးကျင်းဌေးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် စက်ရုံဧည့်ခန်းမ၌ စက်ရုံမှတာဝန်ရှိသူများအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အသစ်ပြန်လည်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ၄င်းဥပဒေတွင် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ၌ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တစ်ခုကိုထုတ်လုပ်ရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်သောကုန်ကြမ်းပစ္စည်းများ၏အမျိုးအမည်နှင့် ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များအား ထည့်သွင်းဖော်ပြရန်ပြဋ္ဌာန်းခဲ့ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကလည်း ကုန်စည်များအား အုပ်စုခွဲပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ()ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ်(/၂၀၁၉)ဖြင့် ထုတ်ပြန်ခဲ့မှုအခြေအနေများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)