ညောင်ဦးမြို့နယ်ရှိအခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ တောင်ဘကျေးရွာနှင့် လက်ပံတဲကျေးရွာတို့ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲများ၌ (၆-၂-၂၀၂၃)ရက်နေ့တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

        ဟောပြောဆွေးနွေးမှုများအနေဖြင့် တောင်ဘ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ နံနက်ပိုင်း ၉:၀၀ နာရီအချိန်တွင်လည်းကောင်း၊ လက်ပံတဲ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ နေ့လယ်ပိုင်း ၁၃:၀၀ နာရီအချိန်တွင်လည်းကောင်း ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးမှုများတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်၊ စားသုံးသူ၏အဓိပ္ပါယ်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏အဓိပ္ပါယ်များ၊ နစ်နာဆုံးရှုံးမှု၏အဓိပ္ပါယ်နှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအားလည်းကောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အစားအသောက်များဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်စွာထည့်သွင်းဖော်ပြထားသော ကုန်စည်နှင့်အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲစားသောက်ကြရန်နှင့် ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန် ဥပမာပေး၍လည်းကောင်း စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောဆွေးနွေးရာ ကျောင်းသားကျောင်းသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်း၍ ဖြေကြားဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ပြည်ထောင်စုနေ့အကြောင်းနှင့် စာကြည့်တိုက်အကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ရာ တောင်ဘ အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် ဆရာ/ဆရာမများနှင့်နှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၃၅)ဦး၊ လက်ပံတဲ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း( ၁၁၇ )ဦး စသည်ဖြင့် အသီးသီးတက်ရောက်ခဲ့ကြပါသည်။

DOCA(မန္တလေး)