စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show )ကျင်းပ

Powered by Drupal

     မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနသည် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

     အဆိုပါ Talk Show တွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းဝင်းက Talk Show ကဏ္ဍအစီအစဉ်ဖြင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးရသည့်ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က ဆွေးနွေးရာတွင်  စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်၊  မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ၊ NCPP အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ်၊ စားသုံးသူအသိပညာပေးရေးအကြောင်းအရာများ၊ ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) နှင့် မွန်ပြည်နယ်အတွင်း စားသုံးသူအသိပညာပေးဆောင်ရွက်မှုနှင့် ဆောင်ရွက်ပြီးစီးသည့်အကြောင်းအရာများကို Talk Show တွင် ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)