မိတ္ထီလာမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

         ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ(၁၀)ရက်နေ့၊ (၁၀း၀၀)အချိန်တွင်မိတ္ထီလာမြို့ ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဝန်ထမ်းမိသားစုများနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၃၆)ဦးအား စားသုံးသူကာကွယ်ပေးရေးအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင်စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြို့ရီ (ဦးစီးအရာရှိ) က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများနှင့်စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့်စားသုံးသူနစ်နာဆုံရှုံးမှု အပေါ်ညှိနှိုင်းဖြေရှင်းမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူများအားကုန်စည် များရွေးချယ်ဝယ်ယူနိုင်ရန် မှန်ကန်သောသတင်းအချက်အလက်ပေးရန် လုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အာမခံချက်များ၊ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ တောင်းဆိုရမည့်အခွင့်အရေးများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Mobile Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီးနောက်လက်ကမ်းစာစောင်များလည်းဖြန့်ဝေကာ ဟောပြောပွဲကို နံနက် (၁၀း၄၅)အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်းသတင်းရရှိ ပါသည်။

 DOCA(မန္တလေး)