ပခုက္ကူမြို့၌ ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း ဓာတ်မြေဩဇာဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး ပထမပတ်ဈေးနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်းသိရှိရပါသည်။ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ အာမိုကုမ္ပဏီမှထုတ်လုပ်သော ယူရီးယား(မိုးသီး) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၀၁၅၀၀)၊ ဩဘာကုမ္ပဏီမှထုတ်လုပ်သော ယူရီးယားတစ်အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ရွှေနဂါးမှထုတ်လုပ်သော ယူရီးယား(ပုလဲသာ) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ တီစူပါ (သံကွင်း) ၄၆ % ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀)၊ ပုလဲရွှေတောင် (သစ်) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၈၂၅၀၀)၊ ရွှေကောမတ် ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၃၄၀၀၀)၊ ကွန်ပေါင်းအပြာကြား ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ကွန်ပေါင်း (၁၅:၁၅:၁၅) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ အာမို(၁၆:၁၆:၁၆) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)အထိရှိခဲ့ပါသည်။
ယခုတတိယပတ်တွင် အာမိုကုမ္ပဏီမှထုတ်လုပ်သော ယူရီးယား(မိုးသီး) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၉၇၀၀၀) ရှိသဖြင့် ကျပ်(၄၅၀၀)ခန့်၊ တီစူပါသံကွင်း(၄၅ %) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၁၄၀၀၀)ကျပ်ရှိ၍ ကျပ်(၁၀၀၀)ခန့်၊ ပုလဲရွှေတောင်(သစ်) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)ရှိ၍ ကျပ်(၂၅၀၀)ခန့်၊ ကွန်ပေါင်းအပြာကြား ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)ရှိ၍ ကျပ်(၂၀၀၀)ခန့်၊ အာမို(၁၆:၁၆:၁၆) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၃၆၀၀၀)ရှိ၍ ကျပ်(၄၀၀၀)ခန့် အသီးသီးဈေးနှုန်းကျသွားခဲ့သည်။ ကျန်ဓာတ်မြေဩဇာများမှာ ယခင်အပတ်ဈေးနှုန်းနှင့်ပင် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
အရောင်းအဝယ်ဖြစ်မှုအနေဖြင့် သီးနှံများစိုက်ပျိုးချိန်တွင် အများဆုံးရောင်းရလေ့ရှိပြီး ခြောက်လအတွင်း အိတ်(၇၀၀)ခန့်ရောင်းရကြောင်း ရိတ်သိမ်းချိန်တွင် အရောင်းအဝယ်ပါးကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။
DOCA(မကွေး)