Main menu

ပခုက္ကူမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများ

Powered by Drupal

     ပခုက္ကူမြို့၌ ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း ဓာတ်မြေဩဇာဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး ပထမပတ်ဈေးနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်းသိရှိရပါသည်။ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ အာမိုကုမ္ပဏီမှထုတ်လုပ်သော ယူရီးယား(မိုးသီး) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၀၁၅၀၀)၊ ဩဘာကုမ္ပဏီမှထုတ်လုပ်သော ယူရီးယားတစ်အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ရွှေနဂါးမှထုတ်လုပ်သော ယူရီးယား(ပုလဲသာ) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ တီစူပါ (သံကွင်း) ၄၆ % ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀)၊ ပုလဲရွှေတောင် (သစ်) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၈၂၅၀၀)၊ ရွှေကောမတ် ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၃၄၀၀၀)၊ ကွန်ပေါင်းအပြာကြား ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင်  ကျပ်(၁၅၀၀၀၀)၊ ကွန်ပေါင်း (၁၅:၁၅:၁၅) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ အာမို(၁၆:၁၆:၁၆) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)အထိရှိခဲ့ပါသည်။

     ယခုတတိယပတ်တွင် အာမိုကုမ္ပဏီမှထုတ်လုပ်သော ယူရီးယား(မိုးသီး) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၉၇၀၀၀) ရှိသဖြင့် ကျပ်(၄၅၀၀)ခန့်၊ တီစူပါသံကွင်း(၄၅ %) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၁၄၀၀၀)ကျပ်ရှိ၍ ကျပ်(၁၀၀၀)ခန့်၊ ပုလဲရွှေတောင်(သစ်) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)ရှိ၍ ကျပ်(၂၅၀၀)ခန့်၊ ကွန်ပေါင်းအပြာကြား ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)ရှိ၍ ကျပ်(၂၀၀၀)ခန့်၊ အာမို(၁၆:၁၆:၁၆) ၅၀ ကီလိုဂရမ်ပါ တစ်အိတ်လျှင် ကျပ်(၁၃၆၀၀၀)ရှိ၍ ကျပ်(၄၀၀၀)ခန့် အသီးသီးဈေးနှုန်းကျသွားခဲ့သည်။ ကျန်ဓာတ်မြေဩဇာများမှာ ယခင်အပတ်ဈေးနှုန်းနှင့်ပင် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      အရောင်းအဝယ်ဖြစ်မှုအနေဖြင့် သီးနှံများစိုက်ပျိုးချိန်တွင် အများဆုံးရောင်းရလေ့ရှိပြီး ခြောက်လအတွင်း အိတ်(၇၀၀)ခန့်ရောင်းရကြောင်း ရိတ်သိမ်းချိန်တွင် အရောင်းအဝယ်ပါးကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)