Main menu

ပခုက္ကူမြို့ပေါ်တွင် ပြည်တွင်းစားသုံးမှုအားကောင်းသော ကုလားပဲများ ဈေးကောင်းရနေပြီး အရောင်းအဝယ်သွက်

Powered by Drupal

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင်  အရောင်းအဝယ်အများဆုံးဖြစ်သည့် ကုလား ပဲနှစ်မျိုးမှာ ကုလားပဲ(929) နှင့် ကုလားပဲလုံးဖြူ(V6)တို့ဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ကုလားပဲဈေးနှုန်းမှာ ကုလားပဲ(929)တစ်တင်း(၁၉) ပိဿာလျှင် ကျပ်(၈၀၅၀၀) ကုလားပဲလုံးဖြူ(V6)တစ်တင်းလျှင် ကျပ်(၈၃၀၀၀-၈၃၅၀၀) ဈေးပေါက် နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ်(၂၀၀၀) ဈေးမြင့်တက်လာကြောင်း တွေ့ရ သည်။

ဈေးကွက်သုံးသပ်ချက်

ရန်ကုန်ဘုရင့်နောင်ဈေးကွက်နှင့် မန္တလေးကုန်စည်ဒိုင်တို့တွင် ကုလားပဲဈေးနှုန်းများ အား ကောင်း လာခြင်းကြောင့် ပဲခွဲစက်သမားများ၊ ကုန်သည်များ ဒေသအစုံမှ အဝယ်လိုက်လာခြင်း၊ ပြည်တွင်းကုလားပဲခွဲစက်များ ပုံမှန်လည်ပတ်ရန်အတွက် ကုန်ကြမ်းဝယ်လိုအားရှိနေသည့်အပြင် လက်ရှိတွင် ရာသီကုန်ခါနီးဖြစ်၍ ပဲလက်ကျန်နည်းလာခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်သည်။

ဈေးကွက်အလားအလာ

ကုလားပဲဈေးနှုန်းမှာ ပဲခွဲစက်များ၏ အဝယ်ပုံမှန်ရှိခြင်းနှင့် ကုန်သည်များထံတွင် ပဲလက်ကျန် နည်းလာခြင်းကြောင့် စက်တင်ဘာလလယ်အထိ လက်ရှိအမြင့်ဈေးတန်းတွင် တည်ငြိမ်နိုင် (သို့) အနည်းငယ်မြင့်တက်နိုင်ခြေရှိသည်။ သို့သော်လည်း ကုလားပဲသည် ပြည်ပပို့ကုန်ထက် ပြည်တွင်း စားသုံးမှုအပေါ် ပိုမိုမှီခိုနေရသဖြင့် အခြားပဲကြီးများ (မတ်ပဲ၊ ပဲစင်းငုံ)ကဲ့သို့ ဈေးနှုန်းအဆမတန် မြင့်တက်သွားရန် အလားအလာ နည်းပါးပြီး တည်ငြိမ်သောဈေးနှုန်းတွင် အတက်အကျရှိနိုင်သည်ဟု ကုန်သည်များ၏ သုံးသပ်ချက် အရ သိရပါသည်။

DOCA(မကွေး)