၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်က မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မွန်ပြည်နယ် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါကြောင်း၊ အဆိုပါဟောပြောပွဲ၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင့်သီင်္ဂီကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပါကြောင်း၊ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူများအခွင့်အရေးရရှိစေရေး အခွင့်အရေး(၈)ချက်နှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပြည်စုံမှသာလျှင် စားသုံးသူများစားသုံးကြရန် ကုန်အညွှန်းအမှတ်သားဖော်ပြချက်တို့အား ဟောပြောကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တာဝန်များအကြောင်းတို့အား ပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)နှင့်ပတ်သက်သော အကြောင်းအရာများ၊ တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်မည့်နေရာများ၊ တိုင်ကြားဖြေရှင်းမှုများ၊ တိုင်ကြားစာနှင့်ပတ်သက်၍ ပညာပေးဥပမာများ၊ စားသုံးသူအခွင့်အရေးများရရှိစေရေး၊ နစ်နာမှုများနှင့်ပတ်သက်၍ ကုစားမှုတို့ကို ပြောကြားခဲ့ကြောင်း၊ တက်ရောက်သည့် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ (၅၃၅) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)