၂၀-၂-၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ဆန်စက်လုပ်ငန်းရှင်များနှင့် ရေသန့်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များဖြစ်သည့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသောအာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြရမည့်အချက်များ စသည့်အကြောင်းအရာများကို ရှင်းလင်းအသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များဖော်ပြပါရှိသော လက်ကမ်းစာစောင်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)