ပေါင်မြို့နယ်၊ အ-ထ-က (ဆင်ဖြူရပ်) ကျောင်း၌ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၁၆-၂-၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် အ-ထ-က(ဆင်ဖြူရပ်)ကျောင်း၌ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုး ဆောင်ရွက်ခဲ့ပါသည်။

  စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးကော်မတီနှင့်ပူးပေါင်း၍ ကျောင်းသူ/ကျောင်းသားများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်ရာတွင် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုရှိ/မရှိ၊ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ဖော်ပြသည့်အမှတ်အသားထင်ရှားမှုရှိ/မရှိတို့ကို စစ်ဆေးပြီးနောက် စားသုံးသူများအား လိမ်လည်လှည့်ဖျားမှုမရှိစေရန် ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)