ချောင်းဆုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ပြုလုပ်

Powered by Drupal

     ၂၀၂၃ခုနှစ် မတ်လ ၃ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေးအသိပညာပေး” (Talk Show)  ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ Talk Show တွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဝင်းဝင်းချောက Talk show အစီစဉ်ဖြင့်အသိပညာပေးဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား ပြောကြားခဲ့ပါကြောင်း၊ ပြည်သူများသိရှိစေရန်အတွက် စားသုံးသူအသိပညာပေးရေးအကြောင်းအရာတို့အား ဆွေးနွေးခဲ့ပါကြောင်း၊ ထို့နောက်စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်းအရာများ၊ စားသုံးသူတို့၏အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉မှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ဖော်ပြရမည့်အချက်အလက်များနှင့် လိုက်နာရမည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)