မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကုမ္ပဏီများက ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို (၇-၃-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ ဗျိုင်းနှစ်ကောင်နှင့် မော်လမြိုင်မြို့နယ်ရှိ လှိုင် (မြသီတာ) ရပ်ကွက်တို့တွင်လည်းကောင်း၊ ၈-၃-၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ ကော့ခိုင်ကျေးရွာနှင့် မော်လမြိုင်မြို့နယ်၊ မုပွန်ရပ်ကွက်၊ ဖက်ခင်းရပ်ကွက်တို့တွင်လည်းကောင်း၊ ၉-၃-၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ နှီးပတောကျေးရွာနှင့် မော်လမြိုင်မြို့နယ်၊ ညောင်လမ်းရပ်ကွက်၊ မာလာဝင်းရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၀-၃-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက်၊ မောင်ငံဈေး၊ ကျောက်တန်းရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၁-၃-၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ သာယာကုန်းကျေးရွာ၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျေးရွာ၊ မော်လမြိုင်မြို့နယ်၊ ဘဲကုန်းဈေးတို့တွင်လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများက လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့်စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေးနှင့် ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂%အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)