မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၃ခုနှစ်၊ မတ်လ ၁၃ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စျေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသည့် Parbisure ဆေးရောင်းချမှုရှိ/မရှိကို စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းသော Pabrinex IV/HV Injection အကြောအားဆေးများသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စျေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသည့် Parbisure အမည်နှင့်ဆေးဝါးအား ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(မန္တလေး)