ရွှေဘိုခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ ‌(တတိယပတ်) တွင် စပါးဈေးနှုန်းများတည်ငြိမ်နေ၍ ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လ (ဒုတိယပတ်) တွင် ရန်ကုန်သို့ အိတ်ရေ ၃၆၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၄၉၂၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၀၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၀၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၁၁၃၈၀၀အိတ်၊ တန်အားဖြင့် ၅၆၉၀တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၄၈၂၈၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၅၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၁၁၂၈၈၀အိတ်၊ တန်အားဖြင့် ၅၆၄၄တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၉၂၀အိတ်၊ တန်အားဖြင့် ၄၆တန်လျော့၍ စီးထွက်ခဲ့ပါသည်။

  ရွှေဘိုမြို့၏ မတ်လ (တတိယပတ်) တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး(သစ်)တင်း၁၀၀လျှင် ကျပ်၂၁၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀၊ ဧရာမင်းစပါး(သစ်)တင်း၁၀၀လျှင် ကျပ်၁၇၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)