ဘားအံအတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      စိုက်ပျိုးရေးသုံးသွင်းအားစုများဖြစ်သော   ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ  ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း စိုက်ပျိုးရေးအရောင်းဆိုင်ထံမှ သိရသည်။ (၁၆-၃-၂၀၂၂)မှ (၂၂-၃-၂၀၂၃) ရက်အတွင်း အရောင်းအဝယ်ဖြစ်လျက် ရှိသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ (15-15-15) 50 kg ပါ ၁ အိတ်မှာ ကျပ် ၁၄၀၀၀၀၊    (20-12-12) 50 kg ပါ ၁ အိတ်မှာ ကျပ် ၁၃၂၀၀၀၊ (46-0-0) 50 kg ပါ ၁ အိတ်မှာ ကျပ် ၉၅၀၀၀၊ ရွှေတောင်ပံ 50 kg ပါ ၁ အိတ်မှာ ကျပ် ၁၈၅၀၀၊ ပုလဲသာ 50 kg ပါ ၁ အိတ်မှာ ကျပ် ၉၄၀၀၀၊ Caso4.2H20-98%  25 kg ပါ ၁ အိတ်မှာ ကျပ် ၅၅၀၀ အရောင်းအဝယ် ဖြစ်နေကြောင်းသိရပြီး  (19-9-19) 50 kg ၊ (12-6-33) 50 kg တို့မှာ ပစ္စည်းပြတ်လပ်နေကြောင်း သိရှိရသည်။ ပိုးသတ်ဆေးမှာ စိုက်ပါ 100 cc မှာ ကျပ် ၃၅၀၀၊ အလန်း 15W 10:5 မှာ ကျပ် ၂၀၀၀ ၊ ဆာလဖာ 500g မှာ ကျပ် ၆၅၀၀ ဖြစ်ပြီး အင်မီတာကလိုဖေ့ 10g နှင့် အစိဖိတ် 250g တို့မှာပစ္စည်း ပြတ်လပ်နေကြောင်း သိရှိရပါသည်။

DOCA(ကရင်)