တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ (၁၇-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပသော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကျောင်း/ဈေး/ ရပ်ကွက်/ ဌာနဆိုင်ရာ/ တက္ကသိုလ် စသည့်နေရာများတွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဈေးကွက်နှင့် ဈေးကွက်အတွင်းမရောက်မီ ကုန်ပစ္စည်းများ၏ အန္တရာယ်ဖြစ်စေနိုင်မှုအခြေအနေများကို သိရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အခန်းပေါင်း (၂၅) ခန်းနှင့် ပုဒ်မပေါင်း (၈၄) ခုပါဝင်ကြောင်း၊ ယခုသင်တန်းတွင် သီးနှံယိုနှင့်ဖျော်ရည်အမျိုးမျိုးကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် သင်တန်းသား/သင်တန်းသူများသည် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချပါက  ဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အကြောင်းများကို လိုက်နာရမည်ဖြစ်ပါကြောင်း၊ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံမ်းနိုင်သည့် Consumer Call Center ဖွင့်လှစ်ထားရှိပါကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့်အကြောင်းများအား ရှင်းလင်းဆွေးနွေးခဲ့ရာ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် (၃၀) စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)