စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၃-၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ်၊ ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းဘေးရှိ ကြယ်တံခွန်ဆန်စက်သို့သွားရောက်၍ ဆန်စက်ပိုင်ရှင် ဒေါ်နော်သာဝါးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သထုံခရိုင်ဦးစီးမှူးက ထုပ်ပိုးမှုအပိုင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မိမိ၏ဆန်စက်အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာများ၊ အသားတင်အလေးချိန်တို့ကိုပြည့်စုံစွာဖော်ပြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် ယခု နွေစပါးဝယ်ယူမှုအခြေအနေ၊ စျေးကွက်အခြေအနေ၊ ဆန်စပါးတို့၏ လက်ရှိစျေးနှုန်းအတက်အကျအခြေအနေ၊ သယ်ယူဖြန့်ဖြူးမှုနှင့် ဆန်စပါးများစီးဝင်/စီးထွက်မှုအခြေအနေများဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)