တမူးမြို့၊ စည်ပင်သာယာဈေးအတွင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြသည့် ကုန်စည်များရောင်းချမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်(ဦးစီးမှူး)သည် (၂၂-၃-၂၀၂၃ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် တမူးမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြသည့်ကုန်စည်များအား ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါ သည်။

      တမူးမြို့နယ်တာဝန်ခံက  မိမိတို့ရောင်းချသည့်ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့်ကုန်စည်များကိုသာ ရောင်းချကြရန်နှင့် တားမြစ်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုကြရန်တို့အား အသိပညာပေးဆွေးနွေးခဲ့ပြီး မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ထုတ်လုပ်သည့်ကုန်ပစ္စည်းများပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးမှုများဆောင်ရွက်ခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)