ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား အသိပညာပေးခြင်းကို (၁၈-၃-၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် Talk Show အစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်၊ ဥပဒေ ၂၀၁၉၊ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာရန် အခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရန်နှင့် စားသုံးသူပြည်သူများအတွက် သန့်ရှင်းလတ်ဆတ်၍ အန္တရာယ်ကင်းသောစားသောက်ကုန်ဖြစ်စေရေး အထူးအလေးထားဆောင်ရွက်ရန်၊ ဌာနမှ ပြည်တွင်းကုန်သွယ်မှုဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးနေမှုအခြေအနေများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)