ဒိုက်ဦးမြို့တွင် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယသိပ္ပံဦးစီးဌာနတို့ပူးပေါင်း၍ ဒိုက်ဦးမြို့နယ်၊ အားကစားခန်းမ၌ (၁၇-၃-၂၀၂၃) ရက်နေ့ကကျင်းပပြုလုပ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောခဲ့ပါသည်။

     အဆိုပါ သင်တန်းဆင်းပွဲတွင် ဒိုက်ဦးမြို့နယ်တာဝန်ခံက စားသုံးသူများရသင့်ရထိုက်သည့်အခွင့်အရေးများ၊  ကုန်ပစ္စည်းများအား ရွေးချယ်ဝယ်ယူရာတွင် ဖတ်ရှုလေ့လာသင့်သည့်ကုန်အညွှန်းအမှတ်အသားများ၊ ကုန်ပစ္စည်းဝယ်ယူရာတွင် လက်ခံရရှိရမည့်ပြေစာများ၊ စားသုံးသူတာဝန်များနှင့် စားသုံးသူထိခိုက်နစ်နာမှုများအတွက် အရေးဆိုတိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ (CICC) များဖွင့်လှစ်၍  လက်ခံဖြေရှင်းပေးနေမှုများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)