ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအသိပညာပေး Talk Show အစီအစဉ်ပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပုသိမ်မြို့နယ်တာဝန်ခံ ဦးဝင်းမြင့်က စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကို (၂၈-၃-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ Talk Showအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်မြို့နယ်တာဝန်ခံ ဦးဝင်းမြင့်က စားသုံးသူရေးရာဦးစီးဌာနကချမှတ်ထားသော မူဝါဒ(၃)ရပ်ဖြစ်သည့် စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်သွားရန် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးစီမံဆောင်ရွက်ရန်၊ ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေရေး စီမံဆောင်ရွက်ရန်တို့နှင့်ပတ်သက်၍ ဌာနကအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စားသုံးသူအခွင့်အရေး(၈)ချက်တို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေး စီမံဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ချေးငွေကိစ္စရပ်များ၊ ဖွဲနုဆီထုတ်လုပ်ရန်နှင့် စပါးခွံမှ လျှပ်စစ်ဓာတ်အားထုတ်ယူရေးကိစ္စရပ်များ၊ ပြည်တွင်းစားသုံးဆီဖူလုံရေးကိစ္စရပ်များ၊ ပုသိမ်စက်မှုစီမံကိန်းမှ ပြည်ပဆန်တင်ပို့မှုများ၊ ဌာန၏မူဝါဒများနှင့် ၎င်းမူဝါဒများအပေါ်  စီမံဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)