တရားမဝင်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ ဇလွန်-ရန်ကုန် ကားလမ်းမစစ်ဆေးရေးဂိတ်တွင် ဟင်္သာတခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့မှူးဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် (၃၀-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များသယ်ယူပို့ဆောင်မှုများမရှိစေရန် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ဒေသတွင်းရှိ အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် မျှတစွာယှဉ်ပြိုင်ရပ်တည်နိုင်ပြီး စားသုံးသူများအားကာကွယ်ပေးနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်းထိခိုက်မှုမရှိစေရေးတို့အားရည်ရွယ်၍ မော်တော်ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့်ဆီတင်ယာဉ်များတွင်သယ်ဆောင်လာသော ကုန်စည်နှင့်ကုန်ပို့လွှာများကိုက်ညီမှုရှိ/မရှိတို့အား စစ်ဆေးပြီး စုစုပေါင်းမော်တော်ယာဉ် (၅၇)စီးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)