စားသုံးသူရေးရာကော်မတီအစည်းအဝေး(၃/၂၀၂၃)ကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်၏ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကားပြောကြား

Powered by Drupal

    ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ မတ်လ ၃၀ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အစည်းအဝေးတွင် ချင်းပြည်နယ်၏ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားရာတွင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင်  စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့်  အများပြည်သူကို အသိပညာပေးလုပ်ငန်းများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် မိမိတို့ကော်မတီဝင်များအနေဖြင့် အားနည်းချက်၊ အားသာချက်များကို ဆန်းစစ်သုံးသပ်ခဲ့ပြီးဖြစ်၍  လာမည့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ လူသုံးကုန်သော်လည်းကောင်း၊ စားသုံးကုန်သော်လည်းကောင်း ဘေးန္တရာယ်ကင်းရှင်းပြီး  မိုပိုကောင်းမွန်သောကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် အားလုံးတက်ညီလက်ညီကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက လာမည့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

DOCA(ချင်း)