ကချင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)ဖွဲ့စည်း

Powered by Drupal

     ကချင်ပြည်နယ်အတွင်းရှိ စားသုံးသူများ အရည်အသွေးပြည့်မီသောစားသုံးဆီများကို အများပြည်သူသုံးစွဲနိုင်စေရေး၊ ဒေသအတွင်း စားသုံးဆီဖူလုံစေရေး၊ စားသုံးသူများ သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်ရေးနှင့် ပြည်နယ်အတွင်း ညီနောင်အသင်းအဖွဲ့များနှင့် လိုအပ်သည်များကို ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ရည်ရွယ်၍ (၂၈-၃-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းအခမ်းအနားကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များတက်‌‌ရောက်ခဲ့ပါသည်။

      အဆိုပါအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးက အသင်းအဖွဲ့၏စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များက အလုပ်အမှုဆောင်များရွေးချယ်၍ ကချင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)နှင့် မြစ်ကြီးနားခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)တို့ကို ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။

DOCA(ကချင်)