ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ဆန်စပါး အလုပ်အမှုဆောင် ရွေးချယ်ဖွဲ့စည်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှ မြို့နယ်အထိ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ၊ တောင်သူများ စုပေါင်းပြီး ဆန်စပါးမြို့နယ်အမှုဆောင်ရွေးချယ်ပွဲ ကို ဒီဇင်ဘာလ (၈)ရက်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့မ knowledge center တွင် Covid-19 ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ပါသည်။

    ရှေဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းမှ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အောက်ခြေအဆင့် တွင် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်ရေး ဆန်စပါးထုတ်လုပ်ရောင်းဝယ်မှုတွင် အဓိကပါဝင် သည့် တောင်သူ၊ စက်ပိုင် ၊ ကုန်သည်များ ညီညွတ်စွာပူးပေါင်းဆောင်ရွက်၍ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

          ဆက်လက်ပြီး တက်ရောက်လာသူ စက်ပိုင်၊ ကုန်သည်၊ တောင်သူများမှ ကျွန်းလှမြို့နယ် ဆန်စပါးအလုပ်အမှုဆောင် (၁၀)ဦးအား ရွေးချယ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန