ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ပေါ်တွင် ရောင်းချနေသော ကုန်စုံဆိုင်များ နှင့် အလှကုန်ဆိုင်များတွင် တားမြစ်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ၊ အရေးကြီးကုန်စည်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဈေးဆိုင် (၇)ဆိုင်အား စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးသန်းပိုနှင့် တာဝန်ရှိသူများသည် သက်တမ်းလွန် အစားအသောက်များ၊ တားမြစ်ကုန်ပစ္စည်းများ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား(မြန်မာစာဖြင့်) ပြည့်စုံစွာ ဖော်ပြမှုရှိ/မရှိ၊ ကိုဗစ်-၁၉ရောဂါကာလ ကျန်းမာရေး အထောက်အကူပြုဆေးဝါးများနှင့် ကုန်စည်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ တို့ကို လိုက်လံစစ်ဆေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကသာခရိုင်