စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့ရှိ ဈေးကွက်များအတွင်းရောင်းချဖြန့်ဖြူးလျက်ရှိသောကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၉-၄-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်ခရိုင်ရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ ကံမမြို့၊ ရပ်ကွက်(၄)ရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သောအစားအသောက် (၄)မျိုးအား ဈေးကွက်အတွင်းရောင်းနေမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက စားသုံးရန်မသင့်သောအစားအသောက်များအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး ကုန်စုံဆိုင်ပိုင်ရှင်များအား ပြောကြားပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသောကုန်စည်များသာ တင်သွင်းရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက် (၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(၈)အုပ်စုတွင် ပါဝင်ရမည့်အချက်များ၊ ပါဝင်သောကုန်စည်များရောင်းချရန် အသိပညာပေးဆွေးနွေးခြင်း၊ ပါဝင်သောဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့များက သက်တမ်းလွန်ပစ္စည်းများမရောင်းချစေရေး ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများနှင့် ယခုဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းဆောင်ရွက်ချက်များအား သိရှိစေရန် အသိပညာပေး (Talk Show) ဖြင့် ဟောပြောဆောင်ရွက်ခဲ့ပါသည်။
DOCA(မကွေး)