စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ စက်သုံးဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးသည် မြို့နယ်အတွင်း ကုန်စည်ရောင်းဝယ်မြန်ဆန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/မရှိတို့အား (၂၀-၄-၂၀၂၃) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဓနုဖြူမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၅)ဆိုင်သို့သွားရောက်၍ စက်သုံးဆီများကိုသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသောရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိတို့ကိုကွင်းဆင်းစစ်ဆေးခြင်း၊ နေ့စဉ်ဈေးနှုန်းများကို ဝယ်ယူသူအများပြည်သူများသိရှိနိုင်စေရန် LED ဆိုင်းဘုတ်များတပ်ဆင်၍ ရောင်းချသွားရန် စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)