SMEs စီးပွားရေးလုပ်ငန်းရှင်ထံသို့ ကွင်းဆင်းခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြခြင်းရှိ/မရှိစိစစ်ခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှု လုပ်ငန်းများကိုလည်း ပူးတွဲဆောင်ရွက်လျက်ရှိကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်မှ ဒု-ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့သည် ဒီဇင်ဘာလ(၈)ရက်နေ့က မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ LUCKY ဂျုံမှုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ရာ ဂျုံမှုန့်လုပ်ငန်းကို ၁၉၉၃ခုနှစ်က စတင်လုပ်ကိုင်ခဲ့ကြောင်း၊ ကုန်ကြမ်းကို မုံရွာမြို့၊ ကုန်စည်ဒိုင်မှ ပေါက်ဈေးအတိုင်းဝယ်ယူပြီး၊ ကုန်ချောဂျုံမှုန့်များကို စစ်ကိုင်းတိုင်းအတွင်းနှင့် မန္တလေးတိုင်း များသို့ တင်ပို့ရောင်းချကြောင်း၊ မိမိတို့ဂျုံမှုန့်များကို မုံရွာမြို့နယ် အတွင်းရှိ ကိတ်မုန့်/ ပေါင်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းများကလည်း  ဝယ်ယူသုံးစွဲမှုများကြောင်း၊ (၂၅)ပိဿာဝင် ဂျုံမှုန့်တစ်အိတ်လျှင် ပေါက်ဈေး(၃၃ဝဝဝိ/-)ဖြစ်ပြီး၊ အရောင်းအဝယ်ပုံမှန်ရှိကြောင်းသိရှိရပါသည်။ ဂျုံမှုန့်(ပီနန်)အိတ် ပေါ်တွင် ရေးသားရိုက်နှိပ်ထားသော ကုန်အမှတ်တံဆိပ်တွင် ထုတ်လုပ်သည့်နေရာ၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲနှင့် ထားသိုသိမ်းဆည်းရန်အညွှန်းတို့ကို ဖော်ပြပေးရန် လိုအပ်ကြောင်း အသိပညာပေးပြီး၊ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် လျှောက်ထားရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန