ပုလဲမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့တွင် ပုလဲမြို့နယ်၊ လိန်ကုန်းကျေးရွာရှိ ကုန်မျိုးစုံ ဆိုင်(၈)ဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကျေးဥက္ကဌ၊ ရပ်ကျေးစာရေးများနှင့် ပူးပေါင်း၍ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပါ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ပါရှိမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပါ ဖော်ပြချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

          ဆက်လက်၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး ရွာသာကျေးရွာရှိ ကုန်မျိုးစုံဆိုင်များတွင် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပါ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ပါရှိမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းမှုရှိစေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာနှင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းသောကုန်စည်များကိုသာ ရောင်းချရန်နှင့်နှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန