အရာတော်မြို့၊ မြို့နယ် သနပ်ခါးအသင်းနှင့် တွေ့ဆုံခြင်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် အရာတော်မြို့၊ မြို့နယ်သနပ်ခါးအသင်း ဥက္ကဌ၊ အတွင်းရေးမှူးအပါအဝင် အသင်းသား (၅)ဦးနှင့် အရာတော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံရုံး၌ တွေ့ဆုံခဲ့ရာ မြို့နယ်သနပ်ခါးအသင်းမှ ဥက္ကဌက အရာတော်မြို့၊ မြို့နယ်သနပ်းခါးအသင်းကို  ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ(၁၄) ရက်နေ့တွင်  အလုပ်အမှုဆောင်(၂၇)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသား (၂၀၀၀) ကျော်ရှိပါကြောင်း၊ အသင်းလစဉ် ပုံမှန်အစည်းအဝေးကို (၂)လတစ်ကြိမ် ပြုလုပ်ပါကြောင်း၊ ကိုဗစ်ကာလ ဖြစ်၍ သနပ်ခါးအရောင်းအဝယ် အေးနေပါကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်၊ စိတ်ပုတီး၊ အမြစ်မှုန့်သောက်ဆေး၊ သနပ်ခါးအမြစ်ရည်၊ မျက်နှာသစ်ဆပ်ပြာ(အခဲ၊ အနှစ်)၊ ပေါင်ဒါ၊ အရွက်ခေါင်းလျှော်ရည်၊ အရွက်သောက်ဆေး၊ နံ့သာခေါင်းအုံး၊ ပန်းအိုး စသည်တို့ကို ထုတ်လုပ်ရောင်းချလျက်ရှိသော်လည်း ဈေးကွက်ကျယ်ပြန့်မှု မရှိသေးပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သော ပြပွဲများ၊ အခမ်းအနားများ၊ ပွဲတော်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်သနပ်ခါးအသင်းအနေဖြင့် ကိုဗစ်ကာလတွင် အရောင်းအဝယ်ပါးပြီး ကုန်ကြမ်းများကို အချိန်ကြာမြင့်စွာ သိုလှောင်ထားရ၍ စီးပွားရေးအကျပ်အတည်းဖြစ်နေပါကြောင်း၊ အသင်းသားများ ရေရှည်ရပ်တည်နိုင်ရန်နှင့် အခက်အခဲများ ပြေလည်စေရန် ချေးငွေများ လိုအပ်လျက်ရှိကြောင်း တင်ပြမှုအပေါ် အသင်းအဖွဲ့မှတဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အချက်အလက်အပြည့်အစုံနှင့်တကွ ချေးငွေလျှောက်ထားရန် အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

 စားသုံးသူရေးရာဦးစီးဌာန