မြိတ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ မြိတ်မြို့နယ်အတွင်းရှိ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များတွင် ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သည့် စားသောက်ဆိုင် နှင့်လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် မှုရှိ/မရှိနှင့် စစ်ဆေးရန်ကျန်ရှိသောဆိုင်များအား ပြန်လည်ရောင်းချခွင့်ပေးနိုင်ရန်အတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့နယ်အတွင်း စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် (၃၆၆)ဆိုင်အား အဖွဲ့သုံးဖွဲ့ခွဲ၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး (A)အဆင့်ရရှိသည့်ဆိုင်(၂၈၅)ဆိုင်အား ဆိုင်ထိုင်ရောင်းချခွင့်ပြုခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန