မှတ်ပုံတင်မဲ့ဆေးဝါးများရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးဦးဆောင်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၂၉-၄-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်နှင့် ရွှေစားရပ်ကွက်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်အတွင်း မှတ်ပုံတင်မဲ့ဆေးဝါးများရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက (၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ခုနှစ်၊ ဒီဇင် ဘာလအထိ) တရားဝင်ထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သောအစားအသောက်/ဆေးဝါးများအား စားသုံးသူများထိခိုက်နစ်နာမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီးနောက် ဆေးဝါးရောင်းချသည့်လုပ်ငန်းရှင်များအား FDA ၏ ထောက်ခံချက်မရှိသော ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ၊ အတုအပများကို သတိပြုမှာယူရောင်းချကြရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များအား သိရှိလိုက်နာကြရန် အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)