ရွှေဘိုခရိုင်၏ (၄/၂၀၂၃)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိအား  ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ ခန့်အပ်ထားသောစစ်ဆေးရေးအရာရှိများက ဦးဆောင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

     ရွှေဘိုခရိုင်အနေဖြင့် (၄/၂၀၂၃)လအတွင်း ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာရှိ မုန့်မျိုးစုံအရောင်းဆိုင်နှင့် အနောက်ဈေးရပ်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ မုန့်မျိုးစုံအရောင်းဆိုင်သို့လည်းကောင်း၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် အမှတ်(၄)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ မုန့်မျိုးစုံအရောင်းဆိုင်(၂)ဆိုင် သို့လည်းကောင်း၊ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့နယ်၊ ပဂိုးကုန်းကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသည့်မုန့်များသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသည့်အပြင် သက်တမ်းလွန်သည့်မု့န်များကိုရောင်းချမှုမရှိကြောင်းနှင့် စက်သုံးဆီဆိုင်တွင်လည်း (LED ဘုတ်) တွင်ကြေညာထားသည့်ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များသိသင့်သိထိုက်သည့်အကြောင်းများနှင့် ဌာနကလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)