စားသုံးသူအသိပညာပေးရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေး

Powered by Drupal

     “ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ် စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ်” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် မိမိတို့၏အခွင့်အရေးကိုသိရှိနားလည်ပြီး တောင်းဆိုရယူနိုင်ရန်နှင့် စားသုံးသူများနစ်နာမှုမရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်  ဝန်ထမ်း(၁)ဦးတို့သည် (၄-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူနှင့်သက်ဆိုင်သည့်သတင်းအချက်အလက် များ၊ အသိပညာဗဟုသုတများကို မိမိအိမ်၌နေရင်း အလွယ်တကူဖတ်ရှု့လေ့လာနိုင်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၏ Official Website ကိုလည်းကောင်း၊ DOCA Myanmar Mobile Application ကို Download လုပ်၍လည်းကောင်း၊ ဌာန၏ Facebook page အားလည်းကောင်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ကြောင်း ဦးစွာဆွေးနွေးပြောကြားခဲ့ပါသည်။

    သို့ဖြစ်၍ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအနေဖြင့် ဌာန၏ Official Website တွင်လည်းကောင်၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များတွင်လည်းကောင်း တိုင်ကြားနိုင်ပါကြောင်းနှင့်  Consumer Call  Center (၁၅၃၅) နံပါတ်သို့ခေါ်ဆို၍လည်း တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသောဝန်ထမ်း(၁၅)ဦးအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)