မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

          ၂၂.၁၂.၂၀၂၀  ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်မှ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Zoom Application အသုံးပြု၍ Virtual Meeting ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် စီမံရေးရာကိစ္စရပ်များ၊ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် Covid 19 ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရေးကိစ္စရပ်များ၊ Covid 19 ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ မြို့နယ် အလိုက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အရန်ရိက္ခာစားအုန်းဆီ ထားသိုမှုများအား ပျက်စီးမှု မရှိစေရေး ဂရုစိုက်ကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

မွန်ပြည်နယ် (DOCA)