စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးတို့သည် (၄-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆီဆိုင်(၄)ဆိုင်အား ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့် အချင်အတွယ်မှန်ကန်မှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စက်သုံးဆီရောင်းချလျက်ရှိသော “ရွှေဗျိုင်းဖြူ၊ တောင်ဇလပ်၊ Petro Top နှင့် ထွန်းသစ္စာ”ဆီဆိုင်များသို့ သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့်ရောင်းချကြရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိအောင် LED Board များတွင် ဖော်ပြပေးကြရန်၊ နေ့စဉ်ရောင်းချနေသောဈေးနှုန်းများကိုလည်း ဖော်ပြပေးကြရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများအား ပုံးများ၊ ပေပါအလိုက် ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်နှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)