ရှမ်းပြည်နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

   (၅-၅-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်ရေးရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပါ သည်။

   အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ခြင်း၊ လူငယ်များအသိပညာရရှိစေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားဆိုင်ရာအသိပညာပေးကိစ္စရပ်များဟောပြောခြင်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ပညာရေးဝန်ကြီးဌာနက လူငယ်နှင့်ကျင့်ဝတ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့်ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများကို အသီးသီးဟောပြောဆွေးနွေးခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

     ဆက်လက်၍ ရှမ်းပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမောင်/မယ်များက တိုက်ကွမ်ဒို၊ ဝူရှူးနှင့် မြန်မာ့သိုင်းပညာများကို သရုပ်ပြတင်ဆက်ခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးဝင်းက အားကစားဆပ်ကော်မတီအသီးသီးသို့ အားကစားပစ္စည်းများနှင့် ဆုကြေးငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။ အခမ်းအနားသို့ တက်ရောက်သူ(၄၂၀)ဦးခန့်ရှိပြီး နေ့လယ်(၁၂:၃၀) နာရီအချိန်ခန့်တွင် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)