ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့(၂)ရပ်ကွက်ရှိ ဦးဇော်မိုးနေအိမ်တွင် ပြည်သူ(၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉နှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဓာတုဆိုးဆေး၊ တာရှည်ခံဆေး၊ ပိုးသတ်ဆေးအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်တတ်သည့်ဘေးဥပဒ်အန္တရာယ်များအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေရေးနှင့် တားမြစ်ရေးတို့ကို အခါမလပ်ကြိုးစားအားထုတ်ကာ ဈေးကွက်စောင်ကြည့်ခြင်းများပြုလုပ်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)