ဘိုကလေးမြို့နယ်၊ စားသုံးဆီဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များနှင့် အုန်းစိုက်ပျိုးထုတ်လုပ်သော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

     ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၅-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ တာဝန်ခံရုံး၌ စားသုံးဆီလုပ်ငန်းရှင်နှင့် အုန်းစိုက်ပျိုးသောလုပ်ငန်းရှင်(၇)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် စားအုန်းဆီနှင့်ပတ်သက်၍  ဈေးနှုန်းဈေးကွက်အခြေအနေများအကြောင်း၊ အုန်းစိုက်တောင်သူလုပ်ငန်းရှင်များအား တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်အုန်းသီးစိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်းများအကြောင်းနှင့် စားသုံး သူကာကွယ်ရေးဥပဒေ ၂၀၁၉အရ လုပ်ငန်းရှင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ စားသုံးသူများအနေဖြင့်  ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာမှုများဖြစ်ပေါ်လာပါက တိုင်ကြားခွင့်စင်တာများဖွင့်ထားသည့်အပြင် Call Center (1535)သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ထည့်သွင်းအသိပညာပေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)