“ကျော်စိုး” ပဲပွဲရုံသို့သွားရောက်၍ ကရင်ပြည်နယ်၏ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦစီးမှူးရုံးမှ ပြည်တွင်းဌာနတာဝန်ခံ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)သည် (၁၁-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ “ကျော်စိုး”ပဲမျိုးစုံရောင်းဝယ်ပွဲရုံသို့သွားရောက်၍ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရပါသည်။

      ထို့သို့ကွင်းဆင်းလေ့လာရာတွင် ကရင်ပြည်နယ်အတွင်း ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၏ သီးနှံရာသီပိတ်ဈေးနှုန်းဖြစ်ပေါ်မှု၊ ဈေးကွက်ပေါက်ဈေးနှင့် ကုန်စည်စီးဝင်/စီးထွက်မှုအခြေအနေများ၊ ဈေးကွက်ဝယ်လိုအားနှင့် ကုန်စည်လက်ကျန်အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ကရင်ပြည်နယ်အတွင်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးရေးကိုအခြေခံသည့် ဒေသထွက်ကုန်များတိုးမြှင့်နိုင်ရေးအတွက် အသင်းအဖွဲ့များ၊ ကုန်သည်များ၊ စိုက်ပျိုးတောင်သူများနှင့် Supply Chain တစ်လျှောက် သက်ဆိုင်သူအားလုံးပါဝင်နိုင်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ကရင်)