အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၁) ကျင်းပခြင်း

Powered by Drupal

    ၇-၁-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ (၁/၂၀၂၁)ကို ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းနှင့် ပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းတို့မှတက်ရောက်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် အိမ်တွင်းအသေးစားစက်မှုလက်မှုလုပ်ငန်း (၅၂)ခု နှင့်ပတ်သက်သည့်အချက်အလက်များအား အတွင်းရေးမှူးမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ၎င်းလုပ်ငန်း (၅၂)ခု အနက်မှထူးခြားသည့် ညောင်ရွှေမြို့ရှိ ပိန်းရိုးခြောက်လုပ်ငန်းနှင့် ရပ်စောက်မြို့ရှိ သစ်စက်လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန်မေးခွန်းများမေးမြန်းခဲ့ကြပြီး အတွင်းရေးမှူးမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(DOCA)