
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk (၅/၂၀၂၃) အား (၁၁-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပထမပိုင်း၊ ဒုတိယပိုင်းဟူ၍ နှစ်ပိုင်းခွဲကာ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်းသည် ဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားပြီး လုပ်ငန်းဆောင်ရွက်ချက်များကို အောင်မြင်စွာလုပ်ကိုင်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဒုတိယပိုင်းအနေဖြင့် ဦးစီးမှူး ဒေါ်စန်းမြင့်ရီနှင့် ဒု-ဦးစီးမှူး ဒေါ်ပပရွှေတို့က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဦးစီးမှူး ဒေါ်စန်းမြင့်ရီက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ အခန်း(၂၀/၂၁/၂၂)တို့အား ဆွေးနွေးရာ အခန်း(၂၀)တွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များနှင့် စားသုံးသူများအား တောင်းဆိုနိုင်သောအခွင့်အရေးများပေးအပ်ရန် ပျက်ကွက်ကြောင်းတွေ့ရှိလျှင် စီမံခန့်ခွဲမှုနည်းလမ်းအရ ချမှတ်နိုင်သည့်အမိန့်တစ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်ကြောင်းကို ပုဒ်မ (၅၂ မှ ၅၄)ထိ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အခန်း (၂၁) အယူခံဝင်ခြင်းနှင့် အခန်း (၂၂) တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များနှင့် ဆောင်ရွက်မည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်ပပရွှေက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၉၀)၌ တက်ရောက်ခဲ့သည့်သင်ခန်းစာများနှင့် အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးရာ Distance Learning System (အဝေးသင်ကာလ) Online စနစ်ဖြစ်သော Zoom ဖြင့် တက်ရောက်ရခြင်းနှင့် In–House နိုင်ငံဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဇီးပင်ကြီးသို့ မြေပြင်သင်ကြားမှု တက်ရောက်ရကြောင်း၊ ဘာသာရပ်များမှာ ICT (သတင်းအချက်အလက်နှင့်နည်းပညာ)၊ English(အင်္ဂလိပ်စာ)၊ (Management) စီမံခန့်ခွဲမှုပညာ၊ Department of Economic (စီးပွားရေးပညာ)၊ (Political Science) နိုင်ငံရေးသိပ္ပံပညာ၊ Social Science (လူမှုရေးသိပ္ပံပညာ)၊ Law(ဥပဒေပညာ)၊ ကာကွယ်ရေးပညာဘာသာရပ်များဖြစ်ကြောင်း၊ ၎င်းဘာသာရပ်များမှ ဆက်ဆံရေးပညာဘာသာရပ်အနေဖြင့် လုပ်ငန်းခွင်တွင် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေရန်ပြုပြင်ရမည့်အချက်များ၊ နှစ်သက်လိုလားဖွယ်အင်္ဂါရပ်များ၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တိုးတက်စေရန် လက်တွေ့ကျင့်သုံးရမည့်နည်းလမ်းများနှင့် မြေပြင်တွင် လက်တွေ့စစ်ရေးပြလေ့ကျင့်ခဲ့ရသည့်အတွေ့အကြုံများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)