ဝန်းသိုမြို့ စည်ပင်သာယာဈေးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကောလင်းခရိုင် မှ တာဝန်ရှိသူများက ဦးဆောင်၍ ဝန်းသိုမြို့နယ် စည်ပင်သာယာဈေးအတွင်း ရောင်းချနေသော ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့ တွင် ကုန်စုံဆိုင်များ၌ တားမြစ်ကုန်စည်များရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊မရှိ စစ်ဆေးခြင်း နှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စစ်ဆေးခဲ့ပြီး ရောင်းချသူဆိုင်ရှင်များအား သက်တမ်းလွန် စားသောက်များ ရောင်းချခြင်း မပြုရန်၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပြီးမှသာ ရောင်းချကြရန် ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန
ကသာခရိုင်