စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆန်စပါးဒေသကော်မတီ(၁)ဖွဲ့စည်း

Powered by Drupal

       ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကန့်ဘလူခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ခန်းမ ၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး ဒေသကော်မတီ (၁) အလုပ်မှုဆောင်ရွေးချယ်ပွဲကို Zoom Application မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ အလုပ်အမှုဆောင်ရွေးချယ်ပွဲတွင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကန့်ဘလူမြို့နယ် အလုပ်အမှုဆောင်(၁၀)ဦးနှင့် ကျွန်းလှမြို့နယ်အလုပ် အမှုဆောင်(၁၀)ဦး စုစုပေါင်း အလုပ်အမှုဆောင် (၂၅)ဦး တက်ရောက်ခဲ့ပါသည်။ ပထမဦးစွာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင် က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဒေသကော်မတီ(၁)တွင် ပါဝင်သောမြို့နယ်(၈)မြို့နယ် မှ အလုပ်အမှုဆောင်(၈၀)ဦးအနက်မှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ တွဲဖက်စာရင်းစစ်နှင့် ပြန်ကြားရေးမှူးများကို ရွှေးချယ်ခဲ့ရာ တက်ရောက်လာသူများမှ အဆိုပြု၊ ထောက်ခံစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌမှ နိဂုံးချုပ်အမှာ စကားပြောကြားကာ အောင်မြင်စွာဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)