HighLight News

Powered by Drupal

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေး”

        စားသုံးသူပြည်သူများ ဆေးဝါးအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာ၌ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဆိုင်များသို့ အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့ယ်(၁၅:၀၀)နာရီအချိန်တွင် ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေတို့အား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့် အညီ ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင် တို့ပူးပေါင်းအဖွဲ့သည် ဗိုလ်ချုပ်လမ်း၊ မြို့သစ်ရပ်ကွက်ရှိ ဇော်ဂျီဆေးဆိုင်နှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ မေခလာဆေးဆိုင်၊ ဒေါ်ဝင်းလဲ့ရည်စိုးဆေးဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များအား မိမိတို့ဆေးဆိုင်တွင် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုထောက်ခံချက်ပါရှိသော ဆေးဝါးများ၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ဆေးဝါးများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် မိမိတို့ဝယ်ယူရသည့် ဈေးနှုန်းများအပေါ်မူတည်ပြီး သင့်တင့်သောအမြတ်ရာခိုင်နှုန်းဖြင့်သာ ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေအား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်တွင်ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်ခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)နှင့်စပ်လျဉ်း၍ အသိပညပေး Talk Show ပြုလုပ်ခဲ့ ကြောင်းသိရသည်။

          အဆိုပါ အသိပညာပေး Talk Show တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးတို့သည် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)နှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍအားလုံးအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်သင့်ကြောင်း၊ ဆက်သွယ်ရေးကုမ္ပဏီများက ပေးအပ်သည့်အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သတ်၍ လိုအပ်သော သတင်းအချက်အလက်ပြည့်စုံစွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်အား သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ အင်တာနက်ဝယ်ယူ အသုံးပြုသည့် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ကြော်ငြာထားရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ၊  လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ၁၀.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃း၃၀)နာရီအချိန်ခန့်တွင် စားအုန်းဆီဖြန့်ဖြူးသည့်အိမ် ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့်ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့်တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိ မှုပိဿာတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ရာ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကင်းမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၉.၉.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ရန်ကင်းမြို့နယ်အတွင်းစာအုန်းဆီအရောင်းဆိုင်များ၊ သတ်မှတ်ဈေးနှုန်းများဖြင့်ရောင်းချမှုရှိ/ မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချရန်၊ ပြည်သူများလစဉ်သတ် မှတ်ဆီပိဿာရရှိမှုရှိ/ မရှိ၊ စားအုန်းဆီဈေးကစားမှုများမရှိ‌စေရန် သွားရောက်စစ်ဆေးကြပ်မတ်ခဲ့ပြီး ရန်ကင်းမြို့နယ်၊ အမှတ် (၆)၊ အမှတ်(၉)၊ အမှတ်(၁၁)ရပ်ကွက်ရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခြင်း

       (၉.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)သည် ဒေါပုံမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတွင် စားသုံးဆီကိုယ်စားလှယ်၊ စားသုံးဆီလက်လီ/ ကားရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ဆွေးနွေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချရာတွင် ထားရှိရမည့်စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊  ဆီအရောင်းစာအုပ်များနှင့်သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စျေးနှုန်းမှန်ကန်စွာရောင်းချပေးရန်၊  အရေအတွက် အချင်အတွယ်မှန်ကန် စွာရောင်းချပေးရန်၊ အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီကိုယ်စားလှယ်များ၊ စားသုံးဆီ လက်လီ/ လက်ကား ရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး) သည်(၁၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စားသုံးဆီကိုယ်စားလှယ်၊ စားသုံးဆီလက်လီ/ ကားရောင်းချသည့် လုပ်ငန်းရှင်များအား ပြည်သူသို့ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချရေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး) စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချရာတွင်ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊  ဆီအရောင်းစာအုပ်များနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စျေးနှုန်းမှန်ကန်စွာရောင်းချရန်အရေအတွက် အချင်အတွယ်မှန်ကန်စွာ ရောင်းချပေးရေး ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကလေးအသုံးအဆောင်ပစ္စည်းများ Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည်(၁၀.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၅:၀၀) နာရီအချိန်တွင်  အမှတ်(၃၄၆) (၁၆/C)၊(၄၉)လမ်းနှင့် ကုန်သည်လမ်းထောင့်၊ (၅)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်သို့သွားရောက်၍ Baby One Stop Baby Mart မှ “ကလေးအသုံးအဆောင်ပစ္စည်းများ” Online Sale မှတ်ပုံ တင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိ ရပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိကို စစ်ဆေးပြီးမှသာOnline Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ (စစ်ဆေးရေးအရာရှိ) ဒေါ်အေးအေးမော်နှင့် ဒေါ်မိုးမိုးကြည်သည် ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးသို့ (၁၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက်  (၁၁:၃၀) နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးတွင် ရောင်းချလျက်ရှိသော ယိုးဒယားနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံ စွာဖော်ပြထားခြင်းရှိ/ မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် TAR Collection Online Sale  မှ “အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ” အား  ပျဉ်းမမြိုင်လမ်း, (၂၅)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေး ခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ်သတ် မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Yar Yar’s May May Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိကို(၁၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် Online Yar Yar’s May May Online Sale  မှ “အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ” အား  အမှတ်(၁၅)၊ ဘုရင့်နောင် (၁၁) လမ်း၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကိုသက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း ၁၁၊ ပုဒ်မ ၂၃အရ စီးပွားရေးလုပ်ငန်းရှင်၏ မခံချက်များအချက်အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News